Saturday, April 16, 2016

အအိပ်နည်းခြင်းသည် ကျောက်ကပ်ကို ဆိုးရွားစွာထိခိုက်စေပါသည်

  No comments
တစ်ညကို အိပ်ချိန် ၅နာရီနဲ့အောက် အိပ်စက်ခြင်းက ကျောက်ကပ်ပျက်စီးမှု အန္တရာယ်ကို သိသိသာသာ မြင့်တက်စေတယ်လို့ သုတေသနရပ်က ဆိုထားပါတယ်။

ကျောက်ကပ် ကောင်းကောင်းအလုပ်လုပ်ဖို့အတွက်ကို လုံလောက်စွာအိပ်စက်ဖို့ အရေးကြီးတယ်ဆိုတာကို အမေရိကန်သုတေသီတွေက သက်သေပြခဲ့တာပါ။ ဘော့စ်တွန် အမျိုးသမီးဆေးရုံမှ ကျွမ်းကျင်ပညာရှင်တွေဟာ လူအယောက် ၄၀၀၀ကို ဆယ်စုနှစ်တစ်စုကျော် လေ့လာစမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။

တစ်ညကို ၅နာရီအောက် အိပ်တဲ့သူတွေအနေနဲ့ တစ်ည ၈နာရီကျော် အိပ်စက်တဲ့သူတွေနဲ့ယှဉ်ရင် ကျောက်ကပ်လုပ်ဆောင်မှုတွေဟာ ၆၅ရာခိုင်နှုန်းပိုပြီး ခပ်မြန်မြန် ကျဆင်းလာပါတယ်။

ဒီလေ့လာတွေ့ရှိချက်တွေကို ဆန်ဒီရေးဂိုး မှာပြုလုပ်ခဲ့တဲ့ ဆေးပညာ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

ကျွန်တော်တို့ လူသုံးယောက်မှာ တစ်ယောက်နှုန်းဟာ စိတ်ဖိစီးမှု၊ ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့ အလုပ်ချိန်များတာတွေကြောင့် ကောင်းကောင်းအိပ်မပျော်တာကို ခံစားနေကြရပါတယ်။

Skyler - သစ်ထူးလွင်
Ref: Mirror

No comments :

Post a Comment