အလှူရှင်လေးမျိုးကို ညွှန်ပြတော်မူရာ၌-

ဒါနကို ကိုယ်တိုင်လှူရုံမက သူတစ်ပါးကိုပါ
စေတနာပေါက်အောင် တိုက်တွန်းသင့်လှပေသည်။
မြတ်စွာဘုရားသည် အလှူရှင်လေးမျိုးကို ညွှန်ပြတော်မူရာ၌
၁။ မိမိသာလှူ၍ သူတစ်ပါးအား မတိုက်တွန်းသူ။
၂။ မိမိကမလှူ သူတစ်ပါးအား တိုက်တွန်းသူ။
၃။ မိမိလည်းမလှူ သူတစ်ပါးလည်း မတိုက်တွန်းသူ။
၎။ မိမိလည်းလှူ သူတစ်ပါးအားလည်း တိုက်တွန်းသူ ဟူ၍
ဟောတော်မူခဲ့သည်
ထိုလေးမျိုးတို့တွင် ကိုယ်တိုင်လည်းလှူ၍ သူတစ်ပါးအားလည်း
တိုက်တွန်းသူသည် ဖြစ်လေရာဘဝ၌ စည်းစိမ်ဥစ္စာချမ်းသာ၍ အခြံအရံ
အဆွေခင်ပွန်းကောင်းနှင့်လည်း ပြည့်စုံသည်ဟု ဟောညွှန်ခဲ့ပေသည်။
သူတော်ကောင်းအပေါင်းတို့
မြန်မာနိုင်ငံ နာဂစ်လေဘေးကြောင့် ဆင်းရဲဒုက္ခရောက်နေကြသူ အပေါင်းအား
ကိုယ်တိုင်လဲလှူ၍ သူတပါးကိုလဲ လှူရန် တိုက်တွန်းကြပါစို့။
Posted by U Lawkanartha at 5/27/2008 05:29:00 PM

Email ThisBlogThis!Share to TwitterShare to FacebookShare to Pinterest
Labels: ဓမ္မ
Sunday, May 25, 2008
မြတ်ဗုဒ္ဓ၏ နိယာမ ၅-မျိုး-
မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာတွင်
ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နယ်ပယ်တို့၏ ဖြစ်စဉ်ကို
နိယာမ ၅-မျိုးဖြင့် စနစ်တကျ ပြဆိုထားပါသည်။
ထိုနိယာမ ၅-မျိုးမှာ
(၁) ကမ္မနိယာမ = ပြုလုပ်မှုနှင့် သက်ရောက်မှုဖြစ်စဉ်၊
(၂) စိတ္တနိယာမ= စိတ်တို့၏ ဖြစ်စဉ်၊
(၃) ဥတုနိယာမ= ဗဟိဒ္ဓသက်မဲ့ ရုပ်ဝတ္ထုတို့၏ဖြစ်စဉ်၊
(၄) ဗီဇနိယာမ= မျိုးရိုးနှင့် မျိုးစေ့တို့၏ဖြစ်စဉ်၊
(၅) ဓမ္မနိယာမ= သဘာဝဖြစ်စဉ် ဟူ၍ ဖြစ်ပါသည်။
No comments :
Post a Comment