စေတနာ ၃-တန်- လှူဒါန်း ပေးကမ်းရကျိုး နပ်လိုပါလျှင်-

ပုဗ္ဗ(မလှူခင်) မုဉ္စ(လှူဆဲ) အပရ(လှူပြီး) စေတနာ သုံးတန်
တစ်ပါးပါး သို့မဟုတ် အားလုံးချွတ်ယွင်းသော ဒါနမျိုးသည်-
စေတနာ လုံးဝမပါခဲ့သော်
ကြောက်၍သော်လည်းကောင်း ချစ်၍သော်လည်းကောင်း
လာဘ်လာဘကို မျှော်ကိုး၍သော်လည်းကောင်း
ပေးခြင်းဖြစ်၍ လှူဒါန်းမှုဟု မခေါ်ဆိုနိုင်ပေ။
ထို့ကြောင့် ဒါနအစစ်မဖြစ်ပေ။
တစ်ပါး နှစ်ပါးသာ ချွတ်ယွင်းသော်
ထိုစေတနာ ချွတ်ယွင်းသလောက် အကျိုးပေးနည်းတတ်၏။
အပရ(လှူပြီးနောက်)စေတနာ ချို့တဲ့လျှင်ကား
ထိုဒါနကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားတို့ကို မခံစားလိုဘဲ
မစားရက် မသောက်ရက်ဖြင့်သာ နေရတတ်ပါသည်။
(ပေးလှူရကျိုး မနပ်ပါပေ)။
ပေးလှူနေကြသော ဗုဒ္ဓဘာသာဝင်များ လှူတတ်ကြပါစေ။
No comments :
Post a Comment